အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော်ရှိ MICC-II ၌ ကျင်းပ

ဒီဇင်ဘာ (၃) ရက်နေ့တွင် ကျရောက်သည့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယင်းနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှအဆင့်မြင့် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေးစည်းရုံး လှုံ့ဆော်ရန်အတွက် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာတစ်ဝန်း နှစ်စဉ် ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုး လာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၄ ခုနှစ်ကစ၍ အစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်အထိ အကြိမ် (၃၀) ပြည့်မြောက်ပြီ ဖြစ်သည်။

ယခု ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ဦးတည်ဆောင်ပုဒ်ကို ကုလသမဂ္ဂအဖွဲ့ကြီးက “United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟုသတ်မှတ်ပေးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “အမေဟုခေါ်သည်” ရုပ်ရှင်ဇာတ်ကားမှာ မိခင်မေတ္တာကို အပီအပြင်ဖော်ကျူးရိုက်ပြမည့် ဒါရိုက်တာ မိုက်တီး
Next post ၁၆ ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော် ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကျင်းပမည်