ရေးမြို့ ဇီးဖြူသောင်စံပြကျေးရွာတွင် မီးလောင်မှုဖြစ် နေအိမ် အလုံး (၄၀) ကျော် မီးလောင်ဆုံးရှုံး

မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ဇီးဖြူသောင်စံပြကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ နေအိမ်အလုံး (၄၀) ကျော်ဝန်းကျင် မီးလောင်ဆုံးရှုံးနိုင်ကြောင်း ဒေသတွင်း ပရဟိတလုပ်ကိုင်သည့် လူမှုကူညီရေးအဖွဲများထံ ကနဦး သတင်းများအရ သိရသည်။

ဒီဇင်ဘာ (၂) ရက်၊ နံနက် (၁၁) နာရီအချိန်ခန့်က နေအိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲဝင်များနှင့် ဒေသတွင်း ပရဟိတ လူမှုကူညီရေးအဖွဲများ၊ ဒေသခံများမှ ကူညီငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကိုနေ့လည် (၁၂ ) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှု အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၁ နှစ်ကြာချစ်သူသက်တမ်း အဆုံးသတ်ခဲ့ကြတဲ့ ဖိလစ်ပိုင် စုံတွဲ
Next post “အမေဟုခေါ်သည်” ရုပ်ရှင်ဇာတ်ကားမှာ မိခင်မေတ္တာကို အပီအပြင်ဖော်ကျူးရိုက်ပြမည့် ဒါရိုက်တာ မိုက်တီး