ဗလာဒီမာပူတင် တရုတ်သို့ သွားရန်ရှိ

ဇူလိုင်လ ၁၄၊ ၂၀၂၃ ခုနှစ်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်ပြည်ခရီးစဉ်သွားရောက်ဖို့ အစီအစဉ်ရှိထားပြီးဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုအချိန်ဟာ ရုရှား-တရုတ် နှစ်နိုင်ငံကြား ရှိနှင့်ပြီးသား ခိုင်မာတဲ့ ဆက်ဆံရေးအပေါ် အခြေပြုပြီး ဆက်လက်တည်ဆောက်သွားရဖို့အတွက် အချိန်ကောင်းဖြစ်တယ်လို့ လည်း ဖြည့်စွက်ထုတ်ပြန်ထားပါတယ်။

ပူတင်ရဲ့ ခရီးစဉ်စတင်မဲ့ ရက်စွဲကို အပြီးသတ်အတည်ပြုမှုတွေလုပ်ပြီး နောက် ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောပါ တယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနဲ့ ဆက်ဆံရေး အေးစက်သွားပြီးနောက် တရုတ် နိုင်ငံနဲ့ စီးပွားရေး ၊ ကုန်သွယ်ရေး ၊ နိုင်ငံရေးနဲ့ စစ်ရေးပူးပေါင်းမှုတွေ အားကောင်းခိုင်မာစေဖို့ အားထုတ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောလာ
Next post (၁၄-၇-၂၀၂၃) ပြည်တွင်းသတင်းအနှစ်ချုပ်