ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောလာ

ဇူလိုင် ၁၃ ၊ ၂၀၂၃ ခုနှစ်

ဇူလိုင်လ ၉ရက်နေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အဆိုပါတွေ့ဆုံခဲ့မှုကို ပြောဆိုခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က ယနေ့ ဇူလိုင်လ ၁၃ရက်မှာ ယခုလိုပြောဆိုလာခဲ့တာဖြစ်ပါတယ်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ဇူလိုင်လ ၉ရက်နေ့မှာ ရောက်ရှိလာတာရှိပါတယ်။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်”လို့ ၎င်းက ပြောပါတယ်။

ထိုသို့တွေ့ဆုံရာမှာ နှစ်ဦးချင်း တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန် ၁နာရီခွဲနီးပါးကြာမြင့်ခဲ့ကာ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မသိရှိရဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပါတယ်။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရတယ်ဆိုပြီး ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗန့်ကာရိုက်တာ သရုပ်ဆောင်ချိန်မှာ မတော်တရော် ပြောတဲ့သူတွေရှိခဲ့တယ်လို့ ဖြိုးသံသာချို ရင်ဖွင့်
Next post ဗလာဒီမာပူတင် တရုတ်သို့ သွားရန်ရှိ