မွန်ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖော်ထုတ် ပြသနိုင်ရေး ဆောင်ရွက်မည်

မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့များရှိပြီး ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်း လွှဲပြောင်းသွားနိုင် စေရေးအတွက် အထူးအလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် မွန်ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှု အမွေအနှစ် များ မပျောက်ပျက်စေရေး၊ ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ပြောကြားခဲ့သည်။

ပြည်နယ် ဝန်ကြီးချုပ်က မွန်တိုင်းရင်းသား လူငယ်၊ လူရွယ်များ၏ အသိပညာတိုးပွားစေပြီး မွန်ရိုးရာ ယဉ်ကျေးမှုနှင့် မွန်တို့၏ ရှေးကျသည့်ဓလေ့ထုံးတမ်းများ၊ ရိုးရာယုံကြည်မှုများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဖော်ဆောင်ပေး ခြင်း၊ လက်ဆင့်ကမ်းထိန်းသိမ်းခြင်းတို့ကို ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဟု ဆိုသည်။

ထို့ပြင် မွန်တိုင်းရင်းသားတို၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို နက်နက်ရှိင်းရှိင်းမြတ်နိုးခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ခြင်း ကြောင့် ယင်းအစဉ်အလာကို မျိုးဆက်သစ် မွန်လူငယ်မောင်မယ်များအား လက်ဆင့်ကမ်းအမွေ စနစ်တကျပေးအပ်နိုင်ရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုန့်ဟင်းခါး စတုဒီသာကျွေးမွေးဒါနပြုခဲ့တဲ့ သရုပ်ဆောင် စည်ဖြိုး မိသားစု
Next post ကျောက်ဆည်မြို့တွင် ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မြေမြှုပ်ဖျက်ဆီး