နယ်လှည့် အထူးကုဆရာဝန်ကြီးများသည် ဖြူးမြို့ ဇေယျဝတီတိုက်နယ်ဆေးရုံ၌ အခမဲ့ ဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများ ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်မှစတင်ကာ ဇေယျဝတီ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို အခမဲ့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါ၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ မေ့ဆေးအထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးအကြောအထူးကု၊ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများက အထွေထွေလူနာ (၁၄၄)ဦး၊ ခွဲစိတ်ရောဂါ(၅၀)ဦး၊ Minor ခွဲစိတ်လူနာ(၇)ဦး၊ သားဖွားမီးယပ်ရောဂါ(၂၂)ဦး၊ လက်မောင်းတွင်းထည့် သားဆက်ခြားလူနာ(၁၅)ဦး၊ ကလေးရောဂါ(၂၉)ဦး၊ အရိုးအကြောလူနာ(၉၆)ဦး၊ သွားရောဂါ(၉)ဦး၊ ဆက်လက်ကုသနိုင်ရေး လွှဲပြောင်းလူနာ(၇)ဦး စုစုပေါင်းလူနာ(၃၇၉)ဦးကို အခမဲ့ ကုသပေးနိုင်ခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား နေရပ် ပြန်ပို့နိုင်ရေး ဆောင်ရွက်
Next post ကျိုက်ထိုမြေစာရင်းရုံး ပစ်ခတ်ခံရလို့ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရ ဟု သတင်းမှားဖြန့်ဝေ