ရှမ်းမြောက်တိုက်ပွဲများ‌ကြောင့် နယ်စပ်ဆန်တင်ပိုမှု ထိခိုက်မှုမရှိဟု MRF ဥက္ကဋ္ဌ ပြော

လတ်တ‌လောဖြစ်ပွားနေသည့် ရှမ်းမြောက်တိုက်ပွဲများ‌ကြောင့် နယ်စပ်ဆန်တင်ပိုမှုကို ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က တတိယအကြိမ် သတင်းပြန်ကြားဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အောက်တိုဘာ (၂၇)ရက်က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ လုံးဝ နီးပါး ရပ်တန့်နေရပြီး လမ်းကြောင်းသစ်ရှာဖွေ တင်ပိုမှုများ လုပ်ဆောင်နေရခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲကာလအတွင်း ဆန်/ဆန်ကွဲ တင်ပိုမှုကို ထိခိုက်မှုမရှိဘဲ အခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုကို သာ အဓိက ထိခိုက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ဆန်/ဆန်ကွဲတင်ပိုမှုသည် ကို‌ဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ကျဆင်းနေခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

” နယ်စပ်ကနေ ဆန်/ဆန်ကွဲ တင်ပိုတာက ကိုဗစ်ကာလမှာကတည်းက လျော့ကျသွားတာ။ တိုက်ပွဲမဖြစ်ခင်ထိကလည်း နယ်စပ်ကနေ ဆန်တင်ပိုမှုက အတော်လေးနည်းပါတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။

MRF အနေဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ စသဖြင့် ပိုကုန်ကာလ (၆) လအတွင်း တစ်လလျှင် တန်ချိန် (၂) သိန်း ရောင်းချနိုင်မည်ဟု ဆိုထားသော်လည်း အောက်တိုဘာလအတွင်း တင်ပိုမှုလျော့နည်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မာမီသက်အဖွဲ့နဲ့ ဆိုင်သစ်ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ သစ္စာနှင်း အာမခံစိန်ရွှေရတနာဆိုင်
Next post တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား နေရပ် ပြန်ပို့နိုင်ရေး ဆောင်ရွက်