နမ့်ခမ်းမြိုနယ်အတွင်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းသား ၁၀၀ ကျော်ကို SSPP/SSA ဖမ်းဆီး

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ နမ့်ခမ်းမြိုနယ်အတွင်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းသား (၁၁၆) ဦးကို နိုဝင်ဘာ (၂၃)ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း အဆိုပါ SSPP/SSA က နိုဝင်ဘာ (၂၇) ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ မြန်မာနိုင်ငံသား (၂၈) ဦးနဲ့ တရုတ်နိုင်ငံသားက (၈၈) ဦးပါဝင်တယ်လို သိရပြီး အဲဒီအထဲက တရုတ်နိုင်ငံသား တရားခံတွေကိုတော့ တရုတ်အစိုးရထံ လွဲပြောင်းအပ်နှံလိုက်ပြီလို ဆိုပါတယ်။

ဒါ့အပြင် ၎င်းတရားခံတွေနဲ့အတူ သက်သေခံပစ္စည်းတွေဖြစ်တဲ့ Destop Computer (၁၄၅) လုံး ၊ ဖုန်း (၂၀၄) လုံး တရုတ်ငွေ (၁၉,၁၅၀) ယွမ် ၊ မီးခံသေတ္တာတစ်လုံးနဲ့ Lnad Cuniser ကားအမျိုးအစားတစ်စီးတိုကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)အနေနဲ့ ၎င်းတို ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိလာပါက လူမျိုး ဘာသာမရွေး ထိရောက်စွာ တားစီးနှိမ်နင်းသွားမယ်လိုလည်း အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Unlimited Collection ဆိုင်ဖွင့်ပွဲအခမ်းအနားကို အဆိုတော်များနဲ့ဖဲကြိုးဖြတ်ဖွင့်လှစ်
Next post ဗိုလ်တထောင်စေတီတော်မြတ်မှာ မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ