တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း အထူးရထား ခရီးစဉ်များ ပြေးဆွဲ

တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရန်ကုန်နှင့် ရန်ကုန်- ပြည်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများဖြင့် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော်-ရန်ကုန် အစုန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/ အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထားများကို ပြေးဆွဲပေးခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန်အထူးရထားများ ဆက်လက်ပြေးဆွဲ ပေးခဲ့သည်ဟုဆိုသည်။

အလားတူ ယနေ့ နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်-မော်လမြိုင်- ရန်ကုန် အစုန်/အဆန် အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန် အထူးရထားများနှင့် နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်- နေပြည်တော်အဆန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန် အထူးရထားနှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထားများကို ဆက်လက်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်မှုထမ်းရတော့မှာကြောင့်စာလေးရေးပြီးနှုတ်ဆက်ခဲ့တဲ့ Jungkook
Next post တောင်ကြီးမြို့ (၇၃) ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ကျင်းပ