ဇလန်စကီးက အသည်းအသန် တောင်းဆိုခဲ့သော်လည်း ယူကရိန်းအား မဟာမိတ်အဖွဲ့ထဲဝင်ရန် နေတိုး မဖိတ်ကြားခဲ့

ဇူလိုင် ၁၂ ၊ ၂၀၂၃ ခုနှစ်

နေတိုးအဖွဲ့ ခေါင်းဆောင်များသည် ယူကရိန်းအား လာမည့် အနာဂတ် တစ်ချိန်ချိန်တွင် စစ်ရေး မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်မည်ဟု ဇူလိုင်လ ၁၁ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း ချက်ချင်း ဖိတ်ကြားမှုမျိုး မပြုလုပ်ခဲ့ကြောင်း သိရသည်။

ခေါင်းဆောင်များသည် ယူကရိန်းက ရုရှားအား တန်ပြန်တိုက်စစ်ဆင်ရန် ကြိုးပမ်းနေစဉ် လစ်သူယေးနီးယားနိုင်ငံ၊ ဗဲလ်နီးယပ်စ်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။ဇလန်းစကီးသည် အဆိုပါ အစည်းအဝေး မကျင်းပမီကတည်းက ယူကရိန်းအား နေတိုးအဖွဲ့သို့ ဖိတ်ကြားရန်အတွက် ထပ်ခါတလဲလဲ တောင်းဆိုထားခဲ့သည်။

အကြိမ်ကြိမ် တောင်းဆိုထားပါလျက်နှင့် ယူကရိန်းအား ဖိတ်ကြားခြင်း မပြုခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ဇလန်စကီးက အင်္ဂါနေ့တွင် ဗဲလ်နီးယပ်စ်မြို့ရှိ စုဝေးပွဲ၌ ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NUG နှင့် PDF တို၏ လုပ်ဆောင်ချက်များကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော
Next post ဗန့်ကာရိုက်တာ သရုပ်ဆောင်ချိန်မှာ မတော်တရော် ပြောတဲ့သူတွေရှိခဲ့တယ်လို့ ဖြိုးသံသာချို ရင်ဖွင့်