NUG နှင့် PDF တို၏ လုပ်ဆောင်ချက်များကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အထိန်းသိမ်းခံနေရသော  ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတွင်း ပျံ့နှံ့နေသော အကျပ်အတည်းကို အဆုံးသတ်ရန် ဆွေးနွေးပွဲများကို ထောက်ခံမည်  နှင့် NUG နှင့် PDF တို၏ အကြမ်းဖက်လုပ်ဆောင်ချက်များကို မထောက်ခံဟု မြန်မာနိုင်ငံသို့ မကြာသေးမီက လာရောက်ခဲ့ပြီး အကျဉ်းထောင်ထဲတွင် တွေ့ဆုံခွင့်ရခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက  ပြောဆိုခဲ့ကြောင်း ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြသည်။

သံတမန်အသိုင်းအဝိုင်းပြောဆိုချက်အား ကိုးကား၍ ကျိုဒို သတင်းဌာနက အာဏာထိန်းကတည်းက ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မသွားမီ စစ်လေယာဉ်ဖြင့် ရုတ်တရက် နေပြည်တော်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါသည်။

RF…Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Mission Impossibe 7 ရဲ့ အဖွင့်ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၂၅၀ အထိ ရနိုင်တယ်လို့သုံးသပ်နေကြ
Next post ဇလန်စကီးက အသည်းအသန် တောင်းဆိုခဲ့သော်လည်း ယူကရိန်းအား မဟာမိတ်အဖွဲ့ထဲဝင်ရန် နေတိုး မဖိတ်ကြားခဲ့