
Mission Impossibe 7 ရဲ့ အဖွင့်ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၂၅၀ အထိ ရနိုင်တယ်လို့သုံးသပ်နေကြ

သရုပ်ဆောင် Tom Cruise ရဲ့ ၇ ကားမြောက် Mission Impossibe ရုပ်ရှင်ဖြစ်တဲ့ Mission Impossibe 7 ခေါ် Mission: Impossible – Dead Reckoning Part One ဟာ ဇူလိုင် ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံကလွဲလို့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ရုံတွေပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Mission: Impossible – Dead Reckoning Part One ဟာ ယခုအချိန်မှာ IMDb rating 8.2/10 နဲ့ Rotten Tomatoes ရဲ့ Tomatometer မှာ ရဗျူးပေါင်း ၁၉၀ ခုနဲ့ ၉၈ ရာခိုင်နှုန်းအထိ ရရှိနေကာ ဝေဖန်ရေးသမားတွေရဲ့အကြိုက်တွေ့မှုကိုရရှိနေပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၆ ရက်နေ့အထိ Mission: Impossible – Dead Reckoning Part One ရဲ့ အဖွင့်ရုံတင်ငွေရရှိမှုပမာဏဟာ ကန်ဒေါ်လာ သန်း ၂၅၀ အထိ ရရှိနိုင်ပြီး အမေရိကန်ပြည်တွင်းရုံတင်ငွေ ကန်ဒေါ်လာ သန်း ၉၀၊ နိုင်ငံတကာရုံတင်ငွေ ကန်ဒေါ်လာ သန်း ၁၆၀ အထိ ရရှိနိုင်ဖွယ်ရှိနေကြောင်း ပညာရှင်တွေက သုံးသပ်နေကြပါတယ်။