သရက်ချောင်းမြို့နယ်တွင် လင်မယား နှစ်ဦးကို နေအိမ် အတွင်း ကြိုးတုတ်ပြီး PDF က မီးရှို့သတ်ဖြတ်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာတွင် လင်မယား နှစ်ဦးကို နေအိမ်အတွင်း ကြိုးတုတ်ပြီး PDF က မီးရှို့သတ်ဖြတ်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၆)ရက် ည (၈)နာရီခွဲအချိန်၌ PDF အဖွဲ့ဝင်(၂၀)ဦးခန့်က ဆင်ကူးကျေးရွာတွင် နေထိုင်သည့် ဦးသိန်းထွန်း (၆၂) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်း (၅၇) နှစ်တို့သည် ကျေးရွာအနီးရှိ ဥယျာဉ်ခြံအတွင်း နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် အိမ်အတွင်းသို့ ဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။

ယင်းနောက်တွင် အဆိုပါ လင်မယား (၂)ဦးအား PDF အဖွဲ့ဝင်များမှ နေအိမ်အတွင်း ကြိုးတုပ်ကာ နေအိမ်အား မီးရှို့ဖျက်ဆီး သွားသဖြင့် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက် ရှိသည့် တရုတ်နိုင်ငံသား (၁၀၁၇) ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး
Next post မွန်မြတ်စိတ်ထား ဘိုးဘွားရိပ်သာ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ