မွန်မြတ်စိတ်ထား ဘိုးဘွားရိပ်သာ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ

“မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားများစောင့်ရှောက်မှု”အသင်းကြီးရဲ့ တတိယကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကိုရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက်ရှိ ဘုမ္မာ၁၇လမ်းမှာ နိုဝင်ဘာ ၁၉ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ကန်တော့ခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနာယကကြီးသုံးယောက် ကန်တော့ခံခဲ့ကြပြီး သရုပ်ဆောင် ရှင်မင်းဆက် ၊ သူဇာပွင့် ၊ နှင်းဦးဝေ ၊ မမဆောင်း ၊ ကျော်ကျော်နန္ဒ ၊ ရွှေဖြူနန်းနွယ် ၊ ရန်ရှင်း ၊ ဘုန်းရောင်လျှံ ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ကိုဂျက် စတဲ့အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပြီး ဘိုးဘွားများအတွက် တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

“ဒီနေ့ကတော့ ဘိုးဘွားတွေအတွက် အလှူငွေတွေ လာလှူဒါန်းတာပါ။ ဖျော်ဖြေရေး အစီအစဉ်မှာတော့ တခြား အနုပညာရှင် မောင်နှမတွေက ဖျော်ဖြေကြတယ်။ မမဆောင်းကတော့ ဖျော်ဖြေရေး အစီအစဉ်ထဲမှာတော့ မပါပါဘူး။ အရင်နှစ်တွေတုန်းကလည်း ဘိုးဘွားတွေအတွက် အလှူငွေ လာရောက်လှူဒါန်းပေးဖူးတယ်။ ဒီနှစ်လည်း ဘိုးဘွားတွေကို လာရောက်လှူဒါန်းတာပါ”လို့ သရုပ်ဆောင် မမဆောင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သရက်ချောင်းမြို့နယ်တွင် လင်မယား နှစ်ဦးကို နေအိမ် အတွင်း ကြိုးတုတ်ပြီး PDF က မီးရှို့သတ်ဖြတ်မှုဖြစ်ပွား
Next post မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နီကာရာဂွာ အလှမယ် သရဖူဆွတ်ခူး