မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နီကာရာဂွာ အလှမယ် သရဖူဆွတ်ခူး

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ နီကာရာဂွာအလှမယ် ရှန်နစ်ပလာစီယို့စ်က မယ်စကြဝဠာသရဖူ ဆွတ်ခူးခဲ့ပြီး ထိုင်းအလှမယ် အန်တိုနီယာပေါ်ဆစ်က 1st runner-up ဆု ဆွတ်ခူးသွားခဲ့ပါတယ်။

မယ်စကြဝဠာသရဖူကို ပလာစီယို့စ် ဆွတ်ခူးနိုင်ခဲ့တာဟာ မယ်စကြဝဠာပြိုင်ပွဲမှာ နီကာရာဂွာအလှမယ်တစ်ဦး သရဖူဆွတ်ခူးနိုင်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးအဆင့် အမေး၊ အဖြေကဏ္ဍမှာ ” အခြား အမျိုးသမီးတစ်ဦးရဲ့ ဘဝမျိုးနဲ့ ရှင်သန်နေထိုင်ခွင့် ရမယ်ဆိုရင် ဘယ်သူ့ဘဝကို ရွေးချယ်ချင်လဲ”လို့ မေးမြန်းခဲ့ပြီး ပလာစီယို့စ်က ၁၈ ရာစု ဗြိတိန်အမျိုးသမီးရေး လှုပ်ရှားသူ မေရီဝိုစတိန်းခရက်ဖ်ရဲ့ ဘဝမျိုး နေထိုင်ချင်တယ်လို့ ဆိုပါတယ်။

1st runner-up ရခဲ့တဲ့ ဒိန်းမတ်နွယ်ဖွား ထိုင်းအလှမယ် အန်တိုနီယာပေါ်ဆစ်ကတော့ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်ဘဝကို ရွေးချယ်မယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွန်မြတ်စိတ်ထား ဘိုးဘွားရိပ်သာ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ
Next post အကြမ်းဖက်ဝါဒဖြန့်သတင်းများ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ် ပေါ်က လေသူရဲတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြ