ရန်ကုန် အင်းစိန်မြို့မှာ ကမ်းကပ်ထားတဲ့ သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

ယနေ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ကမ်းကပ်ထား‌သည့် သင်္ဘောတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်းများအရ သိရပါတယ်။

ယနေ့ နို၀င်ဘာလ ၁၉ရက် နေ့လည် ၁၂နာရီ ၁၅မိနစ်အချိန်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ သံမဏိစက်ရုံ အနောက်ဘက်မှာ ကမ်းကပ်ထား‌တဲ့ သင်္ဘောတစ်စီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ နေ့လည် ၁၂နာရီခွဲအချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သားလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားလိုက်ပြီဖြစ်တဲ့ ပိုးကြာဖြူခင်
Next post နိုင်င်ငံတော်တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများအား နစက ဉက္ကဋ္ဌ အားပေးစကားပြောကြား