အွန်လိုင်း လိမ်လည်မှု. ရာဇဝတ်မှုများဖြင့် ကိုးကန့်ထိပ်တန်း လုပ်ငန်းရှင် ၄ ဦးကို ယနေ့ ဖမ်းဝရမ်းထုတ်

အွန်လိုင်းလိမ်လည်မှုများ၊ လူပြန်ပေးမှုများ၊ ဂိုဏ်းဖွဲကျူးလွန်ခြင်းတို့ကြောင့် ကိုးကန့်ထိပ်တန်းလုပ်ငန်းရှင် ၄ ဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ယနေ့ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း နစကကောင်စီ ကသတင်း ထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်း လိမ်လည်မှုများ၊ လူကိုသွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း) (ခ) Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တိုကို ဥပဒေအရ အ‌‌ရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် (ယနေ့)တွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခြင်းဖြစ်သည်။

အဆိုပါ ကိုးကန့်ထိပ်တန်းလုပ်ငန်းရှင် မိသားစုဝင် ၄ ဦးကို တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းကဖမ်းဝရမ်းထုတ်ထားပြီး ၎င်းတိုလေးဦးကို သတင်းပေးမည်ဆိုပါက တစ်ဦးအတွက် ယွမ်တစ်သိန်းမှ ငါးသိန်း အကြား ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်သူနဲ့ Pre Wedding ပုံလေးကို ပွင့်လင်းမြင်သာစွာ ချပြလာတဲ့ ဝတ်မှုန်ရွှေရည်
Next post ကိုးကန့်ဒေသအတွင်း အွန်လိုင်းလိမ်လည် ကျူးလွန်သည့် ပယ်ရင်ချန်ကို ဉပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်