Miss Universe 2023 တွင် မြန်မာ့ငွေပဒေသာပင် နဲ့ National Costume ဝင်ပြိုင်မယ့် အမရာဗိုလ်

El Salvador နိုင်ငံ မှာ ၇၂ကြိမ်မြောက်အဖြစ်ကျင်းပနေတဲ့ Miss Universe ပြိုင်ပွဲကြီးမှာ အလှမယ် အမရာဗိုလ် သွားရောက် ယှဉ်ပြိုင်နေပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့် သူမရဲ့ National Costume ဝတ်စုံလေးကတော့ “မြန်မာ့ငွေပဒေသာပင်” ဖြစ်တယ် လို့ သိရပါတယ်။

သူမရဲ့ National Costume အနေနဲ့ မြန်မာ့ငွေပဒေသာပင်ဝတ်စုံကတော့ သာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လှူဒါန်းခြင်းဆိုတဲ့ ရိုးရာဓလေ့တစ်ခုကို ချစ်စဖွယ်ပြုမူလေ့ရှိကြပါတယ်။ အဲဒီထဲမှာမှ ကထိန်ကာလမှာ မိမိတို့ရဲ့ ချွေးနည်းစာနဲ့ သာသနာပြု ပုဂ္ဂိုလ်များကို ငွေပဒေသာပင်တွေ ပြုလုပ်လှူဒါန်းခြင်းဆိုတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမူ့ကို ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ယခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားဝတ်စုံကိုတော့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ငွေပဒေသာလှူဒါန်းခြင်း အသွင်ကို ဒီဇိုင်နာ ကိုပြည့်စုံ (Hpa-An) က ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့ အတူ အလှမယ် အမရာဗိုက ဝင်ရောက်ယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ Final Competition ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ National Gymnasium, San Salvador, El Salvador မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ရဲ့ National Costume ကို People’s Choice စာရင်းကို တက်လှမ်းနိုင်ဖို့အတွက်လည်း ဝိုင်းဝန်းပြီး အားပေးကြရမှာလည်း ဖြစ်ပါတယ်။သူမကတော့ Miss Universe 2023 အလှမယ်ပြိုင်ပွဲကြီးမှာ မြန်မာပြည်အတွက် အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်နေလျှက်ရှိ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း
Next post သီပေါမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြို့ပေါ် ဈေးဆိုင်များ ပိတ်ထားရ