ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အမရာနဒီဟိုတယ်၌ ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃) ရပ်ကွက်ရှိ အမရာနဒီ ဟိုတယ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ညနေ ၄ နာရီကျော်အချိန်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃) ရပ်ကွက်၊ ၆၀ လမ်းနှင့် ၁၀၇ လမ်းထောင့်ရှိ အမရာနဒီဟိုတယ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါဟိုတယ်ရှိ အခန်းအမှတ် (၁၀၅) အနီးမှ ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အဦးနံရံ ပွင့်ထွက်ပျက်စီးကာ ပြတင်းပေါက်မှန်များကွဲအက်ပျက်စီးခဲ့ပြီး လူထိ ခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်သူကောင်မလေးရဲ့လက်ကိုတွဲပြီး ပွဲတစ်ပွဲကို တက်ရောက် ခဲ့တဲ့ မင်းသားကြီး ကီနူးရိဗ်
Next post မြန်မာနိုင်ငံမြောက်ဖျားရှိ ရှိန်းခေါင်ကျေးရွာ မီးလောင်မှု ဖြစ်ပွား ၊ တစ်ရွာလုံးနီးပါး ပြာကျ