Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း

နာမည်ကျော်ဘောလိဝုဒ်မင်းသား ရှရွတ်ခန်းဟာ သူ့ရဲ့ Pathaan နဲ့ Jawan ရုပ်ရှင်ကားအသစ်တွေ အောင်မြင်မှုရရှိခဲ့ ပြီးတဲ့နောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိလို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ အဲဒီနောက်မှာ ရှရွတ်ခန်းအတွက် လုံခြုံရေးကို တိုးမြှင့်ထားရပါတယ်။ အခုဆို သူ့ကို ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေးပေးသွားမယ်လို့ သိရှိရပါသည်။

ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်းကလည်း ပြီးခဲ့တဲ့နှစ်က လော့ရန် ဘစ်ချ်နွိုင်းဂိုဏ်းရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် ဒီလုံခြုံရေးအမျိုးအစားကိုပဲ ယူထားရပါတယ်။ ရှရွတ်ခန်းက အဆင့်မြှင့်ထားတဲ့ လုံခြုံရေးအတွက်လည်း သူကိုယ်တိုင် ပေးဆောင်သွားမယ်လို့ သတင်းထွက်ရှိထားပါတယ်။ သူက နိုင်ငံတော်အစိုးရကို ပေးသွားမှာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဘယ်သူက လုပ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငွေသားသိန်း၁၀၀ကျော်ဆုချီးမြှင့်မယ့် EUSHIDO DANCE CHALLENGE
Next post အီရတ်နိုင်ငံအနေနဲ့ ဂါဇာသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ ရန် အသင့်ရှိကြောင်း ဘာသာရေးခေါင်းဆောင် ပြောကြား