ငွေသားသိန်း၁၀၀ကျော်ဆုချီးမြှင့်မယ့် EUSHIDO DANCE CHALLENGE

EUSHIDO&INSIN PROFESSIONAL HAIR CARE SERIES နဲ့DABO Korea Skin Care &Cosmetics ကကျင်းပပြုလုပ် တဲ့ Beauty & Beyond ပွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေးပရိုမိုးရှင်းဧရိယာမှာ အောက်တိုဘာလ ၈ရက် နေ့လည် ၂နာရီ မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲမှာ အဆိုတော် J fire , Jewel, ယွန်းမြတ်သူတို့ကသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပြီး မိတ်ကပ်ဆူး၊ Beauty Vlogger Chae Chae ,Beauty Escape by Thinzar,Tohrul’s server တို့က အလှအပနဲ့ပတ်သက်ပြီး EUSHIDO Product များ အကြောင်းဆွေးနွေးခဲ့ကြပါတယ်။ EUSHIDO DANCE Challengeအစီအစဥ်ကိုပါ မိတ်ဆက်ခဲ့ပါတယ်။

EUSHIDO DANCE CHALLENGEမှာ အားလုံးပါဝင်ယှဥ်ပြိုင်လို့ရပြီး ဆုအဖြစ် ငွေသား သိန်း၁၀၀ကျော်ဖိုး ငွေသားနဲ့ ဆုလက်ဆောင်တွေချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်ယှဥ်ပြိုင်သူများထဲမှ ပထမဆုသိန်း၂၀ ၊ဒုတိယဆု ၁၀ သိန်းဆု၊တတိယဆု ၅ သိန်းဆု ချီးမြှင့်မှာဖြစ်ပြီး သီတင်းကျွတ်မုန့်ဖိုး ၂၀၀၀၀ကျပ်ကို အယောက်၂၀၀နဲ့EUSHODO product များကိုလက်ဆောင်ပေးသွားမှာဖြစ်ပြီး အကဝါသနာရှင်များအားလုံးFacebook နဲ့ TikTokမှာ အကvideo တင်ပေးရုံ နဲ့ဆုတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ပြိုင်ပွဲအသေးစိတ်ကို အောက်က Link ထဲမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်

https://www.facebook.com/100067575697524/posts/pfbid02qmYpZwyks9XfHSvgJCyGxnNp6K4Zpgr942y845wY3vY1FKUj7zCi6u7QViEkRWJwl/?mibextid=cr9u03

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကြည့်မြင်တိုင်ညစျေးရှိ ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ဖမ်းဆီး သွားပြီး အလောင်းအား အမြန်လမ်းဇီးရိုးမိုင်အနီးတွင် စွန့်ပစ်
Next post Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း