အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် ဆုကြေးငွေ ဒုတိယ အများဆုံး( ၁.၆ ဘီလျံ) ထီဆုကြီးကို ဖလော်ရီဒါပြည်နယ်မှ ဆွတ်ခူး

၃၁ ကြိမ်ဆက်တိုက် ကံထူးရှင်မပေါ်ခဲ့တဲ့ Mega Millions ထီဖွင့်ပွဲမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ ဆုကြီး ဆွတ်ခူးသွားတဲ့ ကံထူးရှင်ကတော့ ဆုကြေးငွေ လာရောက်ထုတ်ယူသွားခဲ့ပြီး ၂ ပတ်၊ တစ်ကြိမ်ဖွင့်တဲ့ Mega Millions ထီကို ဖလော်ရီဒါ ပြည်နယ် အပါအဝင် ပြည်နယ် ၄၅ ခုနဲ့ ဝါရှင်တန်ဒီစီ၊ ဗားဂျီးနီးယားကျွန်းမှာ နေထိုင်သူတွေ ပါဝင်ကံစမ်းခွင့် ရှိပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထီသမိုင်းတစ်လျှောက် ဒုတိယအများဆုံး ထီဆုကြီးကို ဆွတ်ခူးခဲ့သူကတော့ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး နက်ပ်ကျွန်းဘိချ်မြို့က စတိုးဆိုင်မှာ ထီထိုးခဲ့တာပါ။ သူဟာ ထီဆုကြေးငွေအပြည့်ကို နှစ် ၃၀ အရစ်ကျနဲ့ ထုတ်ယူမလား၊ အမေရိကန်ဒေါ်လာ ၇၉၄.၂ သန်း တစ်လုံးတစ်ခဲတည်း ထုတ်ယူမလားဆိုတဲ့ ရွေးချယ်စရာ (၂)ခုအနက် တစ်လုံးတစ်ခဲတည်း ထုတ်ယူမှုကို ရွေးချယ်သွားခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်ရဲ့ဥပဒေအရ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲအထက် ထီဆုကြီး ဆွတ်ခူးသူတွေဟာ ဆုကြေးငွေ ထုတ်ယူပြီးနောက် ရက် ၆၀ အတွင်း သူတို့ရဲ့ အမည်၊ နေရပ်တွေကို လျှို့ဝှက်ထားခွင့် ရှိပါတယ်။ တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ ကျသင့်တဲ့ Mega Millions ထီမှာ အလယ်ပုံ ထီဆုကြီး ဆွတ်ခူးနိုင်ခြေဟာ သန်း ၃၀၀ ပုံ၊ ၁ ပုံပဲ ရှိပါတယ်။

Lottery: Florida Mega Millions winner claims $1.6 billion prize from August | CNN

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး နစကအနေဖြင့် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား
Next post အကြီးအကျယ်ဆုံး နှင့် အခမ်းအနားဆုံး High-End & Daily wear Jewelry Show ပြုလုပ်မည့် စိန်မင်းသမီး စိန်ရွှေရတနာဆိုင်