ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး နစကအနေဖြင့် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး နစကအနေဖြင့် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၄/၂၀၂၃)တွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံး အကြိမ်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အားနည်းလျက် ရှိသည်ကို မိမိအနေဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတများ၊ သဘာဝရင်းမြစ်များ၊ လူသားအရင်းအမြစ်များ များစွာပိုင်ဆိုင်ထားရှိပြီး ဖြစ်သော်လည်း ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ် အတွင်း  ဒေသတွင်း နိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယခင်ကနိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှုနှင့် ဖြတ်သန်းခဲ့မှုများကိုကြည့်၍ တပ်မတော်ပိုင်းဆိုင်ရာအရာရှိကြီးများ၊ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကို ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်
Next post အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် ဆုကြေးငွေ ဒုတိယ အများဆုံး( ၁.၆ ဘီလျံ) ထီဆုကြီးကို ဖလော်ရီဒါပြည်နယ်မှ ဆွတ်ခူး