အိန္ဒိယတွင် လူစီးရထားနှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၂၃၃ ဦး သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရ

၃. ၆. ၂၀၂၃

Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်အတွင်း ဇွန်လ ၂ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီ(ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၁း၃၀ နာရီ) ခန့်တွင် လူစီးရထားနှစ်စီးတိုက်မိမှုကြောင့် ဇွန်လ ၃ ရက် နံနက်ပိုင်းအထိ သေဆုံးသူဦးရေမှာ အနည်းဆုံး ၂၃၃‌ ဦးအထိမြင့်တက်လာပြီး ၉၀၀ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းက အိန္ဒိယနိုင်ငံသမိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးဝါးဆုံးသော ရထားမတော်တဆမှုလည်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်၏ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ပရာဒိ ဂျီနာကလည်း ရထားတိုက်မှုကြောင့် သေဆုံးရသူဦးရေမှာ မြင့်တက်လာနိုင်သေးကြောင်း ပြောခဲ့သည်။ ထို့ပြင် ရထားတိုက်မှုဖြစ်ပွားရာ အိုဒီရှာခရိုင်၊ ဘာလာဆိုခရိုင်သို့ လူနာတင်ယာဉ်အစီး ၂၀၀ ကျော်နှင့် ဆရာဝန် ၁၀၀ ခန့် ရောက်ရှိလာခဲ့ကာ ဆရာဝန် ၉၀ ကျော်ကိုလည်း ထိုနေရာ၌ စုရုံးပြီးဖြစ်ကြောင်း ပြောခဲ့သည်။

မေလ ၂ ရက် ည ၇ နာရီခန့်တွင် ဘန်ဂါလိုမြို့မှ အနောက်ဘင်္ဂလားပြည်နယ် ဟောင်ရာမြို့သို့ ခုတ်မောင်းလာသော Howrah Superfast Express အမြန်ရထားနှင့် ကိုလ်ကတ္တားမြို့မှ ချင်းနိုင်မြို့သို့ ခုတ်မောင်းလာသော အမြန်ရထားဖြစ်သည့် Coromandel Express တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့သည်။

မေလ ၃ ရက် နံနက်အစောပိုင်းတွင် ရဲအရာရှိများက အဝတ်ဖြူများဖုံးအုပ်ထားသော သေဆုံးသူများ၏ အလောင်းများကို ရထားလမ်းမှဝေးရာသို့ သယ်ဆောင်နေကြသည်ကို Reuters သတင်းဌာန၏ ဗီဒီယိုများ၌ တွေ့ကြရသည်။ မေလ ၂ ရက် သတင်းဗီဒီယိုများ၌လည်း ကယ်ဆယ်ရေးသမားများက ဆိုးရွားစွာတိမ်းမှောက်လျက်….

Ref—–Reuters

#india

#myanmar_transparency_news#mtnews

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ မြန်မာမသန်စွမ်းအားကစားအဖွဲ ပြန်လည် ရောက်ရှိလာ၊ ဆုတံဆိပ်ပေါင်း ၅၆ ခုရရှိခဲ့
Next post (၂၇-၆-၂၀၂၃) အနုပညာသသတင်းအနှစ်ချုပ်