အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ မြန်မာမသန်စွမ်းအားကစားအဖွဲ ပြန်လည် ရောက်ရှိလာ၊ ဆုတံဆိပ်ပေါင်း ၅၆ ခုရရှိခဲ့

ပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာသော မြန်မာမသန်စွမ်း အားကစားအဖွဲတွင် အဖွဲခေါင်းဆောင် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲချုပ်ဥက္ကဋ္ဌဗိုလ်ချုပ် လှမိုး၊ ဒုတိယ ဥက္ကဋ္ဌများ၊ နည်းပြ၊ အုပ်ချုပ်သူ ၄၄ ဦး၊ အားကစားသမား ၈၂ ဦး စုစုပေါင်း ၁၂၆ ဦး ပြန်လည်လိုက် ပါလာကြပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ မြန်မာမသန်းစွမ်းအားကစားအဖွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်(၁၂)ဆု၊ငွေတံဆိပ်(၁၃)ဆု၊ကြေးတံဆိပ် (၁၀)ဆု၊ ရေကူး အားကစားနည်းမှ ရွှေတံဆိပ်(၃)ဆု၊ငွေတံဆိပ်(၆)ဆု၊ကြေးတံဆိပ် (၄)ဆု၊ စစ်တုရင် အားကစားနည်းမှ ကြေးတံဆိပ်(၂)ဆု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ် (၂)ဆု၊ Goalball(မျက်မမြင်) အားကစားနည်းမှ ကြေးတံဆိပ်(၁)ဆု စုစုပေါင်း ဆုတံဆိပ် (၅၆)ဆု ရရှိခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် အိမ်စီးကားယာဥ်ငယ် နှစ်စီးတိုက်မိရာမှ လူသုံးဦး ဒဏ်ရာရ
Next post အိန္ဒိယတွင် လူစီးရထားနှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၂၃၃ ဦး သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရ