2023 Ballon d’Or ဆုအတွက် ဆန်ကာတင် စာရင်း ထုတ်ပြန်

စက်တင်ဘာလ ၇ ရက်

အောက်တိုဘာလမှာ ရွေးချယ်ချီးမြှင့်မယ့် ရွှေဘောလုံးဆု Ballon d’Orအတွက် ဆန်ကာတင် အယောက် ၃၀ ဦးစာရင်းကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်ခဲ့ရာမှာ ရေပန်းစားနေတဲ့ ဟာလန်း၊ ဘာပေ၊ မက်ဆီတိုပါလာပါတယ်။

ရွှေဘောလုံးဆုကို ၅ ကြိမ်အထိရခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ၂၀၀၃ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ကာတင်စာရင်းမှာ မပါတော့ပါဘူး။ ပြီးခဲ့တဲ့ရာသီက ရွှေဘောလုံးဆုကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာ ရရှိခဲ့ရာမှာလည်း မက်ဆီဟာ ဆန်ကာတင် အယောက် ၃၀ စာရင်းမှာ အံ့အားသင့်စွာ ချန်လှပ်ခံခဲ့ရပါတယ်။

နိုင်ငံအသင်းအနေနဲ့ အာဂျင်တီးနားနဲ့ ပြင်သစ် အသင်းတို့က (၄) ယောက်စီဖြင့် ပူးတွဲ အများဆုံး ရွေးချယ်ခံခဲ့ရပါတယ်။

လိဂ် ကလပ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် က ကစားသမားအများဆုံး (၁၂) ယောက်ထိရွေး ချယ်ခံခဲ့ရပြီး လာလီဂါလိဂ်က ၆ ယောက်နဲ့ ဒုတိယ အများဆုံးနဲ့ ရပ်တည်နေခဲ့ပါတယ်။

ဒီတစ်ကြိမ်တော့ ကမ္ဘာ့ဖလားချန်ပီယံဆုရထားတဲ့အရှိန်နဲ့ ရွှေဘောလုံးဆုကို မက်ဆီ ရနိုင်တယ်လို ရေပန်းစားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Kopa Trophy ဆုစာရင်းမှာ တစ်ဦးတည်းသောအင်္ဂလန်ကစားသမားအဖြစ် ဘယ်လင်ဂမ် ရွေးချယ်ခံရပြီး ဆုရဖို့ ရေပန်းစားနေ
Next post “ချစ်လှစွာသော ယောကျာ်းရဲ့ အသားညိုတာကို ညိုခွင့်ပြုပါဆိုတဲ့ ပိုးကြာဖြူခင်”