“ချစ်လှစွာသော ယောကျာ်းရဲ့ အသားညိုတာကို ညိုခွင့်ပြုပါဆိုတဲ့ ပိုးကြာဖြူခင်”

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ ……..MRTV-4 မင်းသမီးလေး သရုပ်ဆောင် ပိုးကြာဖြူခင်က ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲနဲ့ ရောက်ရှိလာသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလဲ အိမ်ထောင်သည်ဘဝကိုရောက်ရှိသွားပြီး ကိုယ်ဝန်ဆောင်သည် မိခင်တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ အခုမှာတော့ သူ၏ ချစ်လှစွာသော ယောကျာ်းဖြစ်သူရဲ့ အလုပ်ကြိုးစားပြီး ချစ်ဖို့ကောင်းပုံလေးကို အခုလို သူ၏ လူမှုကွန်ယက်မှာ မျှဝေလာတာ ဖြစ်ပါတယ်။

တို့အမျိုးသား အညာသားလေး ညိုတာ၊ မဲတာပဲ လူတွေမြင်ကြတာ။ နေပူမိုးရွာမရှောင် အဲ့လိုအမဲခံပြီး နေ့မအိပ်၊ ညမအိပ် ကြိုးစားခဲ့လို့သာ သူ့အသက် (၃၅) နှစ်မှာ ဒီလိုအနေအထားရောက်နေတာ။ ငွေရှာတော်ပြီး ချစ်တတ်တဲ့ယောကျာ်းကို အသားလေးတော့ ညိုခွင့်ပြုလိုက်ပါ လူတွေရယ်…

ဒီလောက် လောကဓံရဲ့ဒါဏ်တွေခံ၊ ရူးလောက်အောင် အလုပ်ကြိုးစားခဲ့တဲ့သူက နုနုဖတ်ဖတ်လေးတော့ ဖြစ်မနေ၊ မချောမောနေနိုင်ဘူးလေ။ ကျွန်မလို ရှယ်ပလန်နဲ့ Skin Care တဲ့သူတောင် ခရီးလေးနှစ်ရက်လောက်ထွက်လို့ နေလောင်ရင် ညိုသွားသေးတာပဲ။ သူညိုတာတော့ မဆန်းပါဘူးတော်…

အညာသားလေးဟုတ်တယ်လေ၊ အညာသားတွေက ရိုးတယ်ရှင့်။ အသားညိုတာလည်း ဟုတ်တယ်၊ ညိုတော့ရော ဘာဖြစ်တုန်း။ သူညိုတော့ ကိုယ်ဖြူတာလေး ပိုပေါ်တာပေါ့။ ကလေးတွေအပေါ်လည်း အရမ်းကြင်နာတတ်တဲ့ဖခင်၊ ဇနီးမယားအပေါ်လည်း လိုလေသေးမရှိ ဂရုစိုက်နွေးထွေးမှုပေးတတ်တဲ့ခင်ပွန်း၊ မိဘမောင်နှမ ဝန်ထမ်းတွေအပေါ်ပါ တာဝန်ကျေပြီး ချစ်ခင်ပေးတဲ့ လူသားလေး။ မိသားစုဘဝကို တန်ဖိုးထားပြီး ကိုယ်မွေးထားတဲ့ ခွေးလေးနှစ်ကောင်အပေါ်တောင် ဂရုတစိုက်နဲ့ ထားပေးတဲ့ တိချစ်သူလေး။ အနေအထိုင်အပြောအဆို စိတ်ထားတတ်ဖို့ကအစ သင်ပေးတတ်တဲ့ ကျွန်မရဲ့ဆရာကြီး။ ကျွန်မကတော့ သူ့ကိုရတာ ကံကောင်းတယ်။

ကမ္ဘာပေါ်မှာရှိသမျှ မိသားစုအားလုံး နွေးထွေးမှုတွေနဲ့ ကံကောင်းခြင်းတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်…

Leave a Reply

Your email address will not be published. Required fields are marked *

Previous post 2023 Ballon d’Or ဆုအတွက် ဆန်ကာတင် စာရင်း ထုတ်ပြန်
Next post မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး