
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲမတိုင်မီ ဖောင်တော်ဦးဘုရားပြုပြင်ရေးများ ပြီးအောင်လုပ်မည်
မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား၏ ပြုပြင်ရေးလုပ်ငန်းများအား နှစ်စဥ်ကျင်းပနေကြဖြစ်သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဒေသ စာရီကြွချီပူဇော်ခံပွဲမတိုင်မီပြီးစီးအောင်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။






ဧပြီ ၁၁ ရက်က နစက ဥက္ကဋ္ဌသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားမှ သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရမှုများကိုကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။ပင်မစံ ကျောင်းတော်ကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ကျောက်၊ သဲ၊ သံချောင်းများနှင့် ဘိလပ်မြေတို့ကို အမြန်ဆုံးရောက်ရှိရေး၊ စံကျောင်းတော်ကြီးအောက်ခြေတိုင်များ ကြံ့ခိုင်မှုကို မြန်မြန်ဆန်ဆန်ဖြင့် စနစ်တကျဆောင်ရွက်ေရး၊မြေကာနံရံများ၌ မြေပြိုကျခဲ့သည့်နေရာများအား Sheet Pile များဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ေရးတို့ကို နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအားရွှေသင်္ကန်းများကပ်လှူပူဇော်ကာ ဘက်စုံပြုပြင်မွမ်းမံရန် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။ နစက ဥက္ကဋ္ဌမှကယ်ဆယ်ရေးများဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုနှုတ်ဆက်ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။