မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစကဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ

ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

နစက ဥက္ကဋ္ဌသည် မင်္ဂလာမန္တလေးဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ China Search and Rescue အဖွဲ့အားသွားရောက်တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ယခုဖြစ်စဉ်ဖြစ်ရပ်အပေါ် သင်ခန်းစာယူ၍ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့်သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား ဆက်လက်သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ကူညီကယ်ဆယ်ပေးနေမှုများကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ တရုတ်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ အဖွဲ့ခေါင်းဆောင်က ယခု ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ဆုံးရှုံးခဲ့ရမှုများကို အဆွေတော်ဝန်ကြီး ချုပ်၏ ဦးဆောင်မှုအောက်တွင် အကောင်းဆုံး ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးရောက်ရှိမည်ဟုယုံကြည်ကာ ဆုမွန်ကောင်းတောင်းပါ သည်ဟုပြော ကြားခဲ့သည်။

နစက ဥက္ကဋ္ဌသည် မန္တလာသီရိအားကစားကွင်းတွင်ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများပူးပေါင်း ဆောင် ရွက်ပေးနေသည့် ရုရှားနိုင်ငံမှကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များနှင့် ဘယ်လာရုစ်နိုင်ငံမှကယ် ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငလျင်ကယ်ဆယ်ရေးအလှူတွင် ဆန်နှစ်အိတ်ထမ်းကာ စွမ်းအားပြသူအဖြစ် ပရိသတ်အားကျခံရတယ့် ထူးအောင်
Next post (၇-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ