ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်နိုင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပ

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) က ဦးဆောင်ကာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်ရှိ အဆိုပါ ရုံးတည်ရှိရာ MICC(2) တွင် ယနေ့ မတ်လ (၂၄) ရက် နံနက်ပိုင်းမှစတင်ပြီး (၃) ရက်တာ ကျင်းပလျက်ရှိပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို အဓိကကျသည့် ရည်ရွယ်ချက် (၃) ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားပါတယ်။

ဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများမှ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဆွေးနွေး နေကြခြင်း ဖြစ်ပါတယ်။ ယခုကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၂၅) ကို မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်တွင် နှစ်စဥ်ကြုံတွေ့လေ့ရှိသည့် တောမီးလောင်ကျွမ်းနေ
Next post လာမည့် ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်း ရရန် မျှော်မှန်းထား