ဒုတိယမြောက် သမီးငယ်လေး ထရီလီယံကို ကျန်းမာစွာနဲ့ အောင်မြင်စွာမွေးဖွားခဲ့တဲ့ ဘေဘီမောင်”
အဆိုတော် သားဂန်းနဲ့သရုပ်ဆောင် ဘေဘီမောင်တို့ရဲ့ ဒုတိယမြောက်သမီးငယ် ထရီလီယံကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့က ဆေးရုံတစ်ခုမှာ ကျန်းမာစွာနဲ့ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။
“ညီအမတွေ တစ်ရုပ်တည်းပဲ။ Billion ညီမ Trillion လေးပါရှင့်။ မေမေရော သမီးလေးရော ကျန်းမာပါတယ်”လို့ သရုပ်ဆောင် သံစဉ်မောင်က ပြောပါတယ်။ ဘေဘီမောင်က ဒုတိယသမီးလေးကို မီလီယံလို့ နာမည်ပေးမယ်ဆိုပြီးတော့ ယခင်ပထမက ပြောခဲ့ဖူးပေမယ့် အခုလိုမွေးခါနီးရက်ပိုင်းအလိုမှာတော့ သမီးလေးကို ထရီလီယံလို့ နာမည်ပေးမယ်ဆိုတဲ့ အကြောင်း ထပ်ပြောခဲ့တာလည်းဖြစ်ပါတယ်။
“ငါ့ညီမလေး သမီးနှစ်ယောက်မေမေ။Congratulations ပါ..။ ကိုဘင်းက သူ့မွေးနေ့ မမွေးလို့တဲ့။ ကလေးရော မေမေပါ ကျန်းမာပါတယ်တဲ့ရှင်” လို့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်က ပရိသတ်သိအောင်ပြောလာပါတယ်။ ပထမဆုံးသမီးဦးလေး ယွန်းဘီလီယံမောင်ကတော့ ၂ နှစ်ကျော်အရွယ်လေး တစ်ခုကို ရောက်နေပြီလည်းဖြစ်ပါတယ်။