၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားအတွက် အလှူငွေ ပါဝင်လှူဒါန်းနိုင်

အောက်တိုဘာ ၁၃ ရက်မှာ ကျရောက်မယ့် ၁၀၃ နှစ် မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အနုပညာရှင်များနှင့် စေတနာရှင် များအနေဖြင့် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလိုပါက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လူကိုယ်  တိုင်သော်လည်းကောင်း၊ KBZ Pay ဖြင့်သော်လည်းကောင်း လှူဒါန်းလျက်ရှိပါတယ်။

“မြန်မာရုပ်ရှင်က ၁၉၂၀ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တာ အခုဆို ၁၀၃ နှစ်ပြည့်မြောက်ခဲ့ပြီ။ သက်ကြီးပူဇော်ပွဲ ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ၄၆ ကြိမ်မြောက် ကျင်းပမယ့် သက်ကြီးပူဇော်ပွဲဖြစ်ပါတယ်။ အလှူရှင်တွေအနေနဲ့ ဂါရဝပြု ကန်တော့ချင်တယ်ဆိုရင် ပါ၀င်လှူဒါန်းနိုင်ပါတယ်။ သက်ကြီး ကန်တော့ခံပုဂ္ဂိုလ်တွေကို လှူဒါန်းရတာလည်း မွန်မြတ်ပါတယ်။ လက်ရှိ လှူဒါန်းထားတဲ့ သူတွေကို ကျေးဇူးတင်သလို ထပ်မံပါဝင်လှူဒါန်း လိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၆ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် တနသ်ာရီတိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌဦးကျော်ထွန်းက ငွေကျပ် သိန်း၂၀၊ အကယ်ဒမီအောင်ခိုင်နဲ့ အကယ်ဒမီဝါဝါအောင် ဇနီးမောင်နှံက ကျပ် ၁ သိန်း၊ သရုပ်ဆောင် မိုခမ်းက ကျပ် ၁ သိန်း၊ ဒါရိုက်တာ ကျော်ဟိန်းကျော်က ကျပ်၂ သိန်း၊ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဘိုဘိုဆန်းက ကျပ် ၅ သိန်း၊ သရုပ်ဆောင် ကျော်ကျော်နန္ဒနဲ့ တူမဖြစ်သူ ကျော်ကျော်အိန္ဒြာတို့က ကျပ် ၁ သိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ နာယကကြီး အကယ်ဒမီများရှင် စည်သူဒေါ်မြင့်မြင့်ခင်က ကျပ် ၃ သိန်း၊ သရုပ်ဆောင် ကျော်ထက်နဲ့ ရွှေအိမ်မင်းတို့ ဇနီးမောင်နှံ က ကျပ် ၅ သိန်း၊ ဒါရိုက်တာ သက်နေထွန်းက ကျပ် ၃ သိန်း၊ သရုပ်ဆောင် ဆုပန်ထွာ က ကျပ် ၃ သိန်း၊ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၅ သိန်း၊ သရုပ်ဆောင်ဘေဘီမောင်က ကျပ် ၂ သိန်း၊ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ကျပ် ၅ သိန်း၊ Mrs. Universe 2019 ဟန်နီ ( Hanni Film Production) က ကျပ် ၃ သိန်း ၊ ဒါရိုက်တာ JZ ဒေါင်လွဏ်းက ကျပ် ၃ သိန်း၊ အကယ်ဒမီ အေးမြတ်သူက ကျပ် ၅ သိန်း၊ ကိုအောင်ကျော်(Ainda Film Production ) နဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်တို့က ကျပ် ၅ သိန်း၊ အကယ်ဒမီ ချောရတနာက ကျပ် ၂ သိန်း ပါဝင်လှူဒါန်းထားလျှက်ရှိပါတယ်။

၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပါ၀င်လှူဒါန်းလိုသူတွေ အနေနဲ့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို) ဆီ ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်သလို ဖုန်း နံပါတ် ၀၉ ၈၈၀၈၉၆၉၅၇ ကနေလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “မထိရ – မကိုင်ရ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး ကျင်းပ
Next post မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား