“မထိရ – မကိုင်ရ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး ကျင်းပ

ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း “မထိရ – မကိုင်ရ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို ရန်ကုန်မြို့ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။ ဝတ္ထု ၊ ဇာတ်ညွှန်း လုံမ ရေးသားထားပြီး ဒါရိုက်တာ ထက်ကြီး (Xtet Gyi) က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော် သွားမှာလည်းဖြစ်ပါတယ်။ သရုပ်ဆောင် အနေနဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ ရွှေထူး ၊ တိုင်ရွန် ၊ နော်ဖောအယ်ထား ၊ နေဆန်း၊ အောင်ခိုင်၊ ဝါဝါအောင်၊ ခင်အုံးမြင့်၊ ရတနာခိုင်၊ အိမ့်ခြူးမေကျော်ဝင်းမောင်၊ စိုးကြီး၊ ဇော်ဟိန်း၊ ယမင်းကျော်၊ ထွန်းထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။

“မထိရ – မကိုင်ရ ဆိုတဲ့အတိုင်း ဒရာမာ ဇာတ်လမ်းလေးပါ။ ထိမိရင် မီးပွင့်သွားမှာပေါ့နော်။ ကာရိုက်တာက ကိုယ်ချစ်တဲ့သူနဲ့ မိဘသဘောတူတဲ့ နှစ်ယောက်ကြားမှာ ဗျာများရတယ်။ Plot လေးတွေပါတယ်။ ကိုရွှေထူးနဲ့ တိုင်ရွန်တို့ သုံးယောက် အပြိုင် လေး ရိုက်ရမှာပါ။ အိမ်ထောင်ရေး ဇာတ်လမ်းပုံစံလေးဆိုပေမယ့် ပုံစံမတူ အခင်းအကျင်းလေးတွေပါပါတယ်။ ဒီဇာတ်ကားက ညီမနဲ့ ကိုရွှေထူး နှစ်ယောက်တွဲရိုက်ဖြစ်တဲ့ ပထမဦးဇာတ်ကားလေးပါ”လို့ သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လဝကနှင့် UNFPA တို့ကြား မြန်မာနိုင်ငံ၏လူဦးရေ နှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာများတွင် ဆက်၍ ပူးပေါင်းဆောင်ရွက်သွား မည်
Next post ၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားအတွက် အလှူငွေ ပါဝင်လှူဒါန်းနိုင်