မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် မနေ့မနက်ပိုင်းက ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မနေ့(စက်တင်ဘာ ၂ ရက်)မနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်ရှိ တိုင်း​ဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနရုံးဝန်းအတွင်းသို့ အမည်မသိ အကြမ်းဖက် အမျိုးသား၂ ဦးမှ CZI-125 ဆိုင်ကယ် နံပါတ် စိစစ်ဆဲဖြင့် ၆၈ လမ်းအတိုင်း မြောက်မှ တောင်သို့မောင်းနှင်ပြီး နောက်ထိုင်စီးသူအမျိုးသားမှ တရုတ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ရုံဝန်းအတွင်းရှိ ဆင်ဝင်အောက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်ပစ္စည်းထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း ဗုံးဖြင့်ပစ်ပေါက်ခဲ့သူ ၂ ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားအတွက် အလှူငွေ ပါဝင်လှူဒါန်းနိုင်
Next post ရှရွတ်ခန်း ရိုက်သမျှဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ Jawan