ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပါတယ်။

ညှိနှိင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ခမ်းခမ်းနားနား၊ သိုက်သိုက်ဝန်းဝန်းနှင့် အေးချမ်းစွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အုပ်ချုပ်ရေးအဖွဲအစည်းများက လုံခြုံရေးအဖွဲအစည်းများနှင့် ညှိနှိင်းပေါင်းစပ်ပြီး စနစ်တကျစီမံ ဆောင်ရွက်ကြရန် ပြောကြားပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုံပြည့်အားပေးမှု ရရှိခဲ့သော ပြုစားရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show
Next post (၁၆-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ