အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ် နှင့် ထိုင်းဘတ်များ ဗဟိုဘဏ်မှ ဆက်လက်ထုတ်ရောင်းပေး

၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်း ဇန်နဝါရီ ၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရုတ်ယွမ် (၅)သိန်းကျော်ကို တစ်ယွမ် (၅၃၈)ကျပ်နှုန်းဖြင့် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။ အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ (၂၅)သန်း၊ တရုတ်ယွမ် (၆)သိန်းကျော်နှင့် ထိုင်းဘတ် (၂၄)သိန်းကျော် ထုတ်ရောင်းပေးခဲ့သည်ကို တွေ့ရသည်။

ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ တစ်ယွမ် (၅၃၈) ကျပ်ဖြင့် တရုတ်ယွမ် (၆)သိန်းကျော်နှင့် ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉.၉၀) ကျပ်နှုန်းဖြင့် (၂၄) သိန်းကျော် ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ပါဝင်ခွင့်ရရှိမယ့် ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့် ရွေးချယ်ပွဲ ကျင်းပ
Next post ဘိုင်ဒန်ပေးတဲ့ အမေရိကန် အရပ်သား အမြင့်ဆုံးဆုကို ဘောလုံးသမား မက်ဆီတက်မယူခဲ့