၇၈ နှစ်ပြည့် မွေးနေ့အလှူအနေနဲ့ ရန်ကုန်ကလေးဆေးရုံကြီး မှာ နေ့လယ်စာ လူ ၄၀၀ စာ အာဟာရဒါန လှူဒါန်းခဲ့တဲ့ ချိုပြုံး

ရုပ်ရှင်မင်းသမီးကြီး အဆိုတော် အကယ်ဒမီ ချိုပြုံးရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့အလှူကို ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကလေးအထူးကုဆေးရုံကြီးမှာ နေ့လယ်စာ လူအယောက် ၄၀၀ စာ အာဟာရဒါန လှူဒါန်းခဲ့ပါတယ်။

“အမေချိုက လွန်ခဲ့တဲ့ ၂ လလောက်က ကလေးဆေးရုံမှာ လာကြော်ငြာရိုက်ရင်းနဲ့ လာဖြစ်တယ်။ ရိုက်ရင်းနဲ့ ဒီကလေးတွေကို တွေ့သွားတာလေ။ ကလေးလူမမာလေးတွေ၊ လူနာစောင့်တဲ့သူတွေကိုကြည့်ပြီး တချို့မပြည့်စုံတဲ့ သူတွေလည်းရှိတယ်လေ။ အစာအာဟာရအနေနဲ့ လိုအပ်တယ်လို့ ပြောတဲ့အတွက် အမေချိုလာလှူတာပါ။ အမေချိုက နိုဝင်ဘာလဆန်းထဲက အလှူ လုပ်ခဲ့တာ ဒီနေ့အထိအလှူလုပ်ခဲ့တာပါ။ အမေချိုဆိုရင် ကိုယ်တိုင် ချက်ပြုတ်ယူမလာနိုင်ဘူးလေ။ ဒီကဆရာဝန်ကြီး ကလည်း ခင်ဖို့ကောင်းတယ်။ သေချာစီစဉ်ပေးတာပါ”လို့ အကယ်ဒမီ ချိုပြုံးက ပြောပါတယ်။

အဆိုပါ ဆေးရုံမှာ လူဦးရေ ၄၀၀ ကျော်စာအတွက် နေ့လယ်စာ ထမင်း ၊ ကြက်သားဟင်း၊ ငပိကြော်၊ ချဉ်‌ပေါင်ဟင်းရည် နဲ့ ဆေးဝါးတွေပါ လှူဒါန်းခဲ့ပါတယ်။ သူမဟာ မွေးနေ့အလှူအနေနဲ့ နိုဝင်ဘာလအစကတည်းက ဆက်တိုက်ဆိုသလို အလှူ အတန်းတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၇-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ