(၁၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို ဆန်တန်ချိန် (၂) သိန်း ထပ်မံတင်ပိုနိုင်ရေး ဆွေးနွေး
၂။ ချင်းမိုင်မြိုရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်း
၃။ မြန်မာ့ရိုးရာ လှည်းယဥ်ကျော့ နွားလှည်းနှင့် နွားအလှပြိုင်ပွဲကို တပ်ကုန်း တန်ဆောင်တိုင်တွင် ထည့်သွင်းကျင်းပ
၄။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ ပုဂံညောင်ဦးရှိ တန်းခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်
၅။ မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်
၆။ အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေက AIF အဖွဲ ဖွဲပြီး သူပုန်တွေဘက်က ပါဝင်ကာ မြန်မာအစိုးရကို တိုက်ခိုက်နေ
၇။ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားများကရိုက်သတ်ခဲ့သည်ဆိုသော စွပ်စွဲချက် ထိုင်းစစ်တပ် စုံစမ်းစစ်ဆေးမည်
၈။ နိုဝင်ဘာလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၁၈၈,၆၀၉ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၂၀၀ ကျပ်၊ Diesel – ၂၆၆၅ ကျပ်၊ Premium Diesel – ၃၃၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်ဟု ဇလန်းစကီး ပြော
၂။ ထိုင်ဝမ်သို လက်နက်ရောင်းချမှု ရပ်တန့်ရန် အမေရိကကို တရုတ်ပြော
၃။ ထရမ့်ပ်အစိုးရသစ်မတက်မီ တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များ ကို ဘိုင်ဒင်တွေ့
၄။ တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ဖို ရှီတောင်းဆို
၅။ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးအီလွန်မတ်ကို စုံစမ်းစစ်ဆေးဖို ဒီမိုကရက်တစ်ပါတီအမတ်တွေ တောင်းဆို
၆။ အိန္ဒိယနိုင်ငံ၊ ဂျန်စီမြိုတွင် ဆေးကောလိပ်ဆေးရုံမီးလောင်၍ မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ
အားကစားသတင်းများ
၁။ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အိမ်ရှင်အသင်းနှင့်သရေရလဒ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အ မျိုးသမီးဖူဆယ်အသင်း
၂။ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် သူ့ထက် ၃၁ နှစ် ငယ်တဲ့ပြိုင်ဘက်ကို ရှုးနိမ့်
၃။ လောစ့်အိန်ဂျလိစ်အိုလံပစ်အားကစားပွဲတော်ကို ၂၀၂၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အားကစားနည်း ၃၅ နည်းနဲ့ကျင်းပ
၄။ မေဂျာလိဂ်ဘေစ့်ဘော MLB ကစားသမားများအစည်းအရုံးဟာ အွန်လိုင်းကနေ လောင်းကစားပြုလုပ်တဲ့ Application ဖြစ်တဲ့ Fan Dual ကိုတရားစွဲဖိုပြင်ဆင်
၅။ ပြင်သစ်ကလပ် လိုင်ယွန်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရနိုင်ခြေရှိ
အနုပညာသတင်းများ
၁။ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သက်စံ ပါဝင်ယှဉ်ပြိုင်နေသည့် (၇၃) ကြိမ်မြောက် Miss Universe 2024 ပြိုင်ပွဲ၏ နောက်ဆုံးပွဲကို နိုဝင်ဘာ (၁၇)တွင်ကျင်းပမည်
၂။ နာမည်ကြီး အနုပညာရှင် ထက်ထက်မိုးဦး၊ မေခလာ၊ အန်တီကြည်တို တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တဲ့ “Beauty Channel” ဖွင့်ပွဲ
၃။ ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းမှာတိုးတက်မှုတော့ရှိရမယ် ယူဆထားတယ် ဆိုတဲ့ ထွန်းပုလဲရတနာ
၄။ မြန်မာပြည်မှာ ပထမဦးဆုံး အိန္ဒိယဆန်ဆန်ဇာတ်လမ်းမျိုးနဲ့ ရိုမန့်ဆန်ဆန် ဟာသဇာတ်လမ်းပုံစံ “မောင့်ဆိုမီယာ” ရုပ်ရှင်ဇာတ်ကားကြီး Family Show ကျင်းပ