ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မဟာဘုံကထိန် အလှူတော်သို့ နစက ဥက္ကဋ္ဌ တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိ သားစုများ၏ ၂၀၂၄ ခုနှစ် မဟာဘုံကထိန်အလှူတော်မင်္ဂလာအား နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး တို့တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် ဆရာတော်ကြီး(၂၇)ပါး ကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါး သီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှကထိန်ခံ နေ ပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကံဦးကျောင်း ဆရာတော်ထံ ကထိန်သင်္ကန်းနှင့် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့သည်။

ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများက ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင်ပေါင်း(၉၀)ပင် ပစ္စည်းတန်ဖိုးငွေကျပ်(၁၃၆၂၉၃၃၉၅)နှင့် ငွေသားတန်ဖိုးငွေကျပ် (၁၀၆၉၈၅၀၁၀) စုစုပေါင်း တန်ဖိုးငွေကျပ်(၂၄၃၂၇၈၄၀၅)ကိုလှူဒါန်းခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မုန့်ဟင်းခါး စတုဒိသာအလှူ လူအယောက် ၁၀၀ စာ အသက် ၄၈ နှစ်ပြည့် မွေးနေ့ လှူဒါန်းခဲ့တဲ့ သတ္တိ