(၁၃-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၃-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ဇလွန်ပြည်တော်ပြန်ဘုရားတွင် (၅၃) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်လုပ်ကပ်လှူပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲကို ကျင်းပမည်
၂။ ကယားပြည်နယ် ပြည်သူ့ပါတီမှ နိုင်ငံရေးပါတီတည်ထောင်ခွင့်လာရောက်လျှောက်ထား
၃။ မြန်မာနှင့် မလေးရှား ရွှေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်မည်
၄။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၁၅ သန်း ထုတ်ရောင်းပေးမည်
၅။ ကျိုက်ထီးရိုးဘုရားပွဲတော်ကျင်းပနေပြီး ပြည်သူများဘုရားဖူးခရီးသွားလာနေချိန်တွင် ပြည်သူများမလာရဲအောင် PDF များက ကျိုက်ထီးရိုးပုံစံတူစေတီတော်တက်ဖူးကာ PDF တို ကျိုက်ထီးရိုးဘုရားပေါ် ရောက်ရှိနေကြာင်း ဝါဒဖြန့်မှုဖြင့် ခြိမ်းခြောက်
၆။ TNLA နဲ့ မန္တလေး PDF နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးကုတ်မြိုကို ဗုံးကြဲခံရ
၇။ တောင်သာမြိုနယ် ဇဂျမ်းရဲစခန်းကို စစ်သွေးကြွတွေ ဝင်တိုက်၊ တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွတွေ ဆုတ်ခွါထွက်ပြေး
၈။ နိုဝင်ဘာလ ၁၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၇၀,၆၉၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၃၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထရမ့်ပ်နှင့် ပူတင် ဖုန်းပြောသည့် သတင်း ခရမ်မလင် ငြင်း
၂။ တာဝေးပစ်ဒုံးကျည်များယူကရိန်းသို ဦးစားပေးပေးပိုရန်အမေရိကန်ငြင်းဆို
၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လမ်းပိတ်ဆန္ဒပြနေသော အထည်ချုပ်အလုပ်သမားများ၏ ဆန္ဒပြမှုရပ်ဆိုင်း
၄။ အမေရိကန် Spirit Airlines မှ လေယာဉ်တစ်စီး ဟေတီနိုင်ငံ၊ ပိုတ်အော်ပရင့်စ်မြို လေဆိပ်၌ ဆင်းသက်ရန်ကြိုးစားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ နိုင်ငံပြောင်းလဲ ဆင်းသက်ခဲ့ရ
၅။ ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အင်တာပိုလ်မှတစ်ဆင့် အသိပေးကြေညာချက်ထုတ်၍ ဖမ်းဆီးနိုင်ရန် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ဆောင်ရွက်မည်
၆။ ထိုင်းနိုင်ငံထုတ် လျှပ်စစ်ဝိုင်ယာကြိုးအများစု နိုင်ငံတကာစံနှုန်းမမီကြောင်း ထိုင်းစက်မှုဝန်ကြီးပြော
အားကစားသတင်းများ
၁။ စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းပြန်လည်ရောက်ရှိ
၂။ စင်ကာပူအသင်းဖြင့် ခြေစမ်းပွဲကစားမည့် မြန်မာကစားသမားစာရင်းတွင် တိုက်စစ်မှူး သန်းပိုင်နှင့် လွင်မိုးအောင် မပါဝင်
၃။ ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ရဲထွန်းနောင်ပါဝင်သည့် မြန်မာအားကစားအဖွဲပြန်လည်ရောက်ရှိ
၄။ စင်ကာပူ အသင်းနှင့် ကစားရမည့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် အပြီးသတ်ကစားသမား (၂၅)ဦးစာရင်း ထုတ်ပြန်
၅။ ထိုင်းနိုင်ငံ၌ ကျင်းပမည့် Princess Cup Show Jumping Junior ပြိုင်ပွဲအတွက် လူရွေးပြိုင်ပွဲ ကျင်းပမည်
အနုပညာသတင်းများ
၁။ Miss ပြိုင်ခဲ့တဲ့အချိန်တွေကို ပြန်တွေးလိုက်ရင် ပီတိဖြစ်ရသလို ကိုယ့်ဘဝအတွက် အကောင်းဆုံးမှတ်တိုင်လေး ပါပဲဆိုတဲ့ ခင်ဝင့်ဝါ
၂။ နွေးကို ကြည့်ပြီးတော့ အပူတွေမကူးစက်ချင်ဘူးဆိုတဲ့ နွေးနွေးချစ်ဖွယ်
၃။ အမေက မင်းသမီးလုပ်တာ သိပ်မကြိုက်ခဲ့ဘူးဆိုပေမယ့် ခုလိုချိန်မှာ ပရိသတ်ချစ်ခင်မှုတွေရနေတာမြင်ရင် ဝမ်းသာနေမယ်လိုထင်တယ် ဆိုတဲ့ မမဆောင်း