မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုခြင်း ဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဖွင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရွန်နစ် မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ် စဉ်(၈/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊တိုးချဲ့ရုံး အဆောက်အအုံ၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် UEC အဖွဲဝင် ဦးအောင်လွင်ဦးက UEC အနေဖြင့် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများပြုစုရာတွင် ဥပဒေနှင့်အညီ ဖြစ်စေရေး၊ မဲစာရင်းများ မှန်ကန်ရေးနှင့် လူတစ်ဦးတည်း နှစ်ကြိမ်ထပ်၊ သုံးကြိမ်ထပ်နေမှုများ မဖြစ်စေရေး အတွက် Admin DEO Software နှင့် CVLMS Software များ ရေးဆွဲပြုစုလျက်ရှိကြောင်း၊ ယခုသင်တန်းသည် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲပေးစက် MEVM စက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သည့် သင်တန်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post “ဘောက်ချာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ