Mario ဗီဒီယိုဂိမ်းနောက်ကွယ်က အသံသရုပ်ဆောင် အနားယူပြီ

Nintendo ဂျပန်ဂိမ်းကုမ္ပဏီရဲ့ နာမည်ကြီးဗီဒီယိုဂိမ်းဇာတ်ကောင် Super Mario အဖြစ် သက်တမ်းအကြာကြီး အသံသရုပ်ဆောင်ခဲ့တဲ့ ချားလ် မာတီနက်က နှစ် ၃၀ နီးပါးအကြာမှာ အနားယူလိုက်ပါပြီ။ အခုဆို သူက အသံသရုပ်ဆောင်အစား Mario သံတမန်တစ်ဦးဖြစ်လာမှာဖြစ်ပြီး နိုင်ငံတကာပွဲတွေမှာ “မာရီယိုရဲ့ပျော်ရွှင်မှု”တွေကို မျှဝေပေးသွားရမှာပါ။

“ချားလ်က အခုအချိန်မှာ Mario သံတမန်ဆိုတဲ့ အခန်းကဏ္ဍအသစ်ကို ကူးပြောင်းနေပါပြီ။ ဒီအကူးအပြောင်းမှာ သူက ကျွန်တော်တို့ဂိမ်းအတွက် ဇာတ်ကောင်အသံသွင်းတာကနေ အနားယူတော့မှာဖြစ်ပေမဲ့ မာရီယိုရဲ့ပျော်ရွှင်မှုကို ဆက်ပြီးမျှဝေပေးသွားမှာပါ။ Mario ကို နှစ်ပေါင်းတော်တော်ကြာ အသက်သွင်းပေးခဲ့တဲ့ ချားလ်နဲ့ ပူးပေါင်းလုပ်ဆောင်ရတာ ဂုဏ်ယူမိပြီး သူ့ကို ကျေးဇူးတင်ဂုဏ်ပြုချင်တယ်”လို့ Nintendo ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Nintendo အမှုဆောင်နဲ့ Mario ဒီဇိုင်နာ တို့ကလည်း အထူးဗီဒီယိုမက်ဆေ့ဂျ်အတွက် မာတီနက်နဲ့အတူ မကြာခင်ပူးပေါင်းသွားမယ်လို့လည်း ဆိုထားပါတယ်။

မာတီနက်ကလည်း ဆယ်စုနှစ်များစွာ အားပေးလာခဲ့တဲ့ သူ့ပရိသတ်တွေကို ကျေးဇူးတင်ခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် မာတီနက်က ၁၉၉၆ ခုနှစ်ရဲ့ Super Mario 64 မှာ Mario ဇာတ်ကောင်အဖြစ် ပထမဆုံးအသံသရုပ်ဆောင်ခဲ့တဲ့အပြင် Mario ရဲ့ အမြွှာညီဖြစ်သူ Luigi နဲ့ ဗီလိန် Wario အဖြစ်လည်း အသံသရုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ “Super Mario Bros” မှာတော့ Mario အဖြစ် အသံသရုပ်မဆောင်ခဲ့ပေမဲ့ Mario ရဲ့မိတ်ဆွေ Giuseppe နဲ့ Mario၊ Luigi တို့ရဲဖခင်ဇာတ်ကောင်တွေအဖြစ် အသံသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

Ref link : https://www.theguardian.com/games/2023/aug/22/voice-of-mario-charles-martinet-retires-nintendo

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိမိနေအိမ်ကို စိတ်ကြိုက်ပြင်ဆင်ပြီး နေချင်တဲ့သူတွေအတွက် အကြိုက်တွေ့စရာဖြစ်လာဦးမယ့် “The Material Showroom”
Next post သရဲလေးကောင်(သရောင်လဲကေး)ရုပ်ရှင်ဇာတ်ကား Press Show ကျင်းပ