မိမိနေအိမ်ကို စိတ်ကြိုက်ပြင်ဆင်ပြီး နေချင်တဲ့သူတွေအတွက် အကြိုက်တွေ့စရာဖြစ်လာဦးမယ့် “The Material Showroom”

ပြည်တွင်းမှာ မြင်တွေ့နေကျနဲ့ မတူကွဲထွက်နေစေမယ့် ပစ္စည်းတွေနဲ့ မိမိ နေအိမ်ကို စိတ်ကြိုက် ပြင်ဆင်နေချင်သူတွေအတွက် ‘ The Materials Group’ က ဖွင့်လှစ်လိုက်တဲ့ ‘The Material Showroom,Naypyidaw ‘ ဆိုင် ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ၊ (၂၀) ရက်နေ့၊ မနက်ပိုင်းက နေပြည်တော်၊ သပြေကုန်းမြို့နယ်၊ ဧရာဝတီလမ်းမပေါ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို သရုပ်ဆောင် အောင်ဘုန်းထွဋ် နဲ့ သံသာမိုးသိမ့် တို့ တက်ရောက်လာခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

” The Materials Group ” ဟာဆိုရင် ပြီးပြည့်စုံတဲ့ Decorative Materials နဲ့ ရေချိုးခန်းသုံး ပစ္စည်းများနဲ့မီးဖိုချောင်သုံး ပစ္စည်းများ တပ်ဆင်ရောင်းဝယ်ခြင်း၊ Glass , Aluminium နဲ့ ဓာတ်လှေကား တပ်ဆင်ရောင်းချခြင်း၊ အလှဆင်ခြင်း စတဲ့ လုပ်ငန်းတွေကို တစ်နေရာထဲမှာ ရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီလေးခုဖြစ်တဲ့ Glass Master ၊ Solid Spike Engineering ၊ Yellow Box နဲ့ Royal Ricco Company Limited တို့ ပူးပေါင်း ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး မိမိနေအိမ်ကို စိတ်ကြိုက်ပြင်ဆင်နေချင်သူတွေ စိတ်တိုင်းကျစေမယ့် Materials World တစ်ခု ဖြစ်လာဦးမှာဖြစ်ပါတယ်။

#The Material Showroom

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခင်ပွန်းဖြစ်သူ ကွယ်လွန်ခြင်း(၂)နှစ်ပြည့် အလှူ ပြုလုပ်သော သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း
Next post Mario ဗီဒီယိုဂိမ်းနောက်ကွယ်က အသံသရုပ်ဆောင် အနားယူပြီ