နစက ဥက္ကဋ္ဌနှင့် ICRC ဥက္ကဋ္ဌတို့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေး

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ICRC ဥက္ကဋ္ဌ Ms. Mirjana Spoljaric နှင့် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ICRC ဥက္ကဋ္ဌသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ပိုမို ကောင်းမွန်သော လုပ်ကိုင်နိုင်ခွင့်များရရှိစေရန် တိုက်တွန်းလိုသောရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့်အတူ ပေါက်ကွဲစေတတ်သော စစ်လက် နက်ပစ္စည်းများ တည်ရှိနေခြင်းက ရပ်ရွာလူထုများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသည့်ရေ၊ မိလ္လာစနစ်၊ အစားအစာနှင့် နေထိုင်ရန်အမိုးအကာ ရရှိနိုင်မှုအပေါ် သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ICRC က သတင်းထုတ်ပြန်ထားသည်။

ICRC က “အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ လူသားချင်းစာနာထောက် ထားမှုဆိုင် ရာ အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်နေတဲ့သူတွေကို အထောက်အပံ့တွေပေးနိုင်ဖို့ဆိုတာက မဖြစ်မနေ လိုအပ်ပါတယ်။ ICRC က ထိုသူတွေရဲ့ အဆောတလျင်လိုအပ်နေတဲ့ လိုအပ်ချက်တွေ ပြည့်မီနိုင်စေဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ သန္နိဌာန်ချမှတ် ထားပါတယ်။” ဟု ပြောသည်။

ICRC က မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအတွင်း ပါဝင်နေသော အဖွဲ့အစည်းများအ နေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အရပ်သားပြည်သူများကို ကာကွယ်ပေးရမည်ဖြစ်သလို လက်နက်ကိုင် ပဋိပက္ခများ၏ သက်ရောက်မှုများ တွေ့ကြုံနေရသော အဖွဲ့စည်းများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကို တားဆီးမှုမရှိဘဲ ထိရောက်စွာ ကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ICRC ဥက္ကဋ္ဌ Ms. Mirjana Spoljaric သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် စက်တင်ဘာ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၉-၂၀၂၁) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၀-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ