ညောင်ရွှေမြို၌ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် သီတင်းကျွတ်လဆန်း (၇)ရက်နေ့မှ စတင်ကျင်းပမည်
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကို စက်တင်ဘာ ၇ ရက်နေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို ရတနာမာရ်အောင်ဘုရား အရှေ့ဘက်မုခ်၌ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးတွင် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ပွဲတော်စည် ကား သိုက်မြှိက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီး ဖွဲစည်း တာဝန်ပေးအပ်မှုကို ရှင်းလင်း ဖတ်ကြားပါတယ်။
၎င်းနောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ယခင်နှစ်လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ယခုနှစ် လိုအပ်ချက်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ပြီး မြိုနယ်စီမံအုပ်ချုပ် ရေးအဖွဲဥက္ကဋ္ဌနှင့် ပွဲတော် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ညောင်ရွှေမြို၌ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာ (၉) ရက်နေ့မှ ၁၁ ရက်နေ့ (သီတင်းကျွတ်လဆန်း ၇ ရက်နေ့မှ ၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။