ခန်စန်းဝင်း၊ ကိုမာတို့ နှစ်ရက်တာသင်ပြပေးမဲ့ Crown Bridal Hair & Makeup Class သင်တန်း ကျပ်ငါးသိန်းဖြင့် တက်ရောက်နိုင်

Crown Magazine က မခင်ချိုချိုဦးရဲ့ အသက် ၅၅ နှစ်ပြည့်မွေးနေ့အနေနဲ့ ပြုလုပ်မဲ့ Crown Bridal Hair & Makeup Class သတို့သမီးဆင်ယင်ထုံးဖွဲ့မှုမွမ်းမံသင်တန်း ၂ ရက်ဖွင့်မယ့် အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ယမန်နေ့ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ The Lantern House မှာ ကျင်းပခဲ့ပါတယ်။

“မချိုအနေနဲ့ အသက် ၅၅ နှစ်မွေးနေ့အမှတ်တရလေးမှာ အားလုံးအတွက် အကျိုးရှိစေမယ့် Crown Bridal Hair & Makeup Class သင်တန်းလေးကို အကောင်အထည်ဖော်လိုက်တာပါ။ မနက်ဖြန်ဆိုတာ မသေချာတဲ့အနေအထားတစ်ခုမှာ မချိုအနေနဲ့ ခုလိုမျိုး မိတ်ကပ်ပညာရှင်တွေနဲ့ သတို့သမီးဆင်ယင်ထုံးဖွဲ့မှုမွမ်းမံသင်တန်းလေးလုပ်ချင်ခဲ့တာပါ”လို့ မခင်ချိုချိုဦး(Crown Magazine)က ပြောပါတယ်။

အဆိုပါ သင်တန်းကိုတော့ စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်း တော်ဝင်စင်တာရှိ Basement မှာ မိတ်ကပ်ပညာရှင်ကိုမာ၊ မိတ်ကပ်ပညာရှင် ခင်စန်း၀င်းတို့က သင်ကြားပေး မှာဖြစ်ပါတယ်။

ဒီသင်တန်းအတွက် Makeup Sponsor အနေနဲ့ Mistine Myanmar စပွန်ဆာပါ၀င်ပြီး‌တော့ သရုပ်ဆောင်အေးမြတ်သူ နဲ့ဆုပြည့်အောင်တို့ကို မိတ်ကပ်ပညာရှင်ကိုမာက မြန်မာသတို့သမီးဆင်ယင်ထုံးဖွဲ့မှုပြသပေးကာ၊အဆိုတော် ပိုပိုနဲ့ Miss Universe Myanmar 2nd Runner Up အလှမယ်ဟန်လေးတို့ကို မိတ်ကပ်ပညာရှင် ခင်စန်း၀င်းက အနောက်တိုင်း/ထိုင်း သတို့သမီးဆင်ယင်ထုံးဖွဲ့မှုကို သင်ကြားပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သတိုးသမီးလက်ကိုင်ပန်း/ ရင်ကပ်ပန်းစည်း နည်းတွေကိုလည်း Florist Zaw Zaw က သင်ကြားပေးသွားမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ညောင်ရွှေမြို၌ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် သီတင်းကျွတ်လဆန်း (၇)ရက်နေ့မှ စတင်ကျင်းပမည်
Next post (၉-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ