
ဩဂုတ်လ ၃ ရက်နေ့ နံနက် ၈နာရီခွဲ မှ စတင်ကာ ရန်ကုန်-မော်လမြိုင်ရထား ပြန်လည်ပြေးဆွဲမည်
ပဲခူးဘူတာယာဒ်ဝင်းအတွင်းရေများ ပြန်လည်ကျဆင်းပြီး ရထားဖြတ်သန်းသွားလာရာတွင် အန္တရာယ်ကင်းရှင်းပြီ ဖြစ်သော ကြောင့် ရန်ကုန်-မော်လမြိုင် ရထားများ ဩဂုတ်လ (၃)ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဟု မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ကြေညာထားသည်။
မော်လမြိုင်ဘူတာ မှ ထွက်ခွာမည့် အမှတ် (၈၂)အစုန်ရထား နှင့် ရန်ကုန်ဘူတာ မှ ထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန် -မော်လမြိုင် ရထားများအား ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ပါသည်။ ဩဂုတ်လ (၃)ရက်နေ့မှ စတင် နံနက် ၈နာရီခွဲ အချိန်တွင် အမှတ် (၈၂) အစုန်ရထား သည် လေအိတ်ရထားတွဲဆိုင်းဖြင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည်ဖြစ်သည်။
ဩဂုတ်လ (၃)ရက်နေ့ အတွက် ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်များအား မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံ၌ နံနက် (၇) နာရီမှ နေ့လယ် (၃)နာရီထိ ရောင်းချပေးနေပြီး အထက်တန်း (၂)ရက်ကြို ၊ (၃)ရက်ကြို တင်လက်မှတ်များကို လည်း ရောင်းချပေးနေကြောင်း သိရသည်။
More Stories
မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစကဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ
ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး...
စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊မလေးရှား ကယ်ဆယ်ရေးအဖွဲ့တို့ကို နစကဥက္ကဋ္ဌ သွားရောက် အားပေး
ဧပြီ ၆ ရက်နံနက်ပိုင်း စစ်ကိုင်းမြို့သို့ ရောက်ရှိ နေသော နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် "မြတ်"ကိုယ်ပိုင်အထက်တန်းကျောင်း၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှု၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ စာသင် ဆောင်များပျက်စီးနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့မှုများအား စနစ်တကျစိစစ်၍...
ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သော နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံးနေပြည်တော်သို့ ပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ ည ၁၀ နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်...
နစကဥက္ကဋ္ဌနှင့် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြောကြား
နစကဥက္ကဋ္ဌနှင့် BIMSTEC အစည်းအဝေးတွင် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၊ ပေါင်းစည်းချိတ်ဆက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ယနေ့ထုတ်ပြန် ပြောကြားလိုက်သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့်...
ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး စတင်
အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အခြား နိုင်ငံ့ခေါင်းဆောင်များပါဝင်ဆွေးနွေးမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး စတင်နေပြီဖြစ်ကြောင်း သိရသည်။ အစည်းအဝေးမစတင်မီ မြန်မာ့ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသော ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းမှုအဖြစ် တစ်မိနစ် ငြိမ်သက်မှုလည်း ပြုခဲ့သည်။...
ဘင်းမ်စတက်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နစကဥက္ကဋ္ဌတို့ ယနေ့ တွေ့ဆုံဆွေးနွေး
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘင်းမ်စတက်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာတို့ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။ ဆဋ္ဌမအကြိမ်မြောက်...