မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ဖူးမျှော်ခွင့် ပြုသည့်နေ့တွင် ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမျှော်
ဩဂုတ် လ ၈ ရက်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာ ရုံစေတီ ၇၂၀ ဆူတိုကို ရဟန်း၊ ရှင်လူအများပြည်သူများအနေဖြင့် ဖူးမျှော်ကြည်ညိုနိုင်ရေး အတွက် ယနေ့မှ စတင်၍ အများပြည်သူကို ဝင်ရောက်ဖူးမျှော်ခွင့် ပေးခဲ့ရာ ပထမဆုံးနေ့တွင် ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမျှော်လျှက်ရှိသည်ကို တွေ့မြင်ရပါတယ်။
ယနေ့မှစ၍ သြဂုတ်လ ၁၆ ရက်နေ့အထိသာ ဗုဒ္ဓဥယာဉ်တော်အတွင်း အခမဲ့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဥယာဉ်တော်အတွင်း ဝင်ရောက်ခွင့် ဝင်ကြေး သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
More Stories
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက် လှူဒါန်းလိုသူများ ဆက်သွယ်နိုင်
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီ အချိန်၌ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထားသည်။...
ရာဂီမုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသော မြန်မာပြည်သူများကို စင်ကာပူဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီပေးရေးပစ္စည်း များ ပေးပို့ကူညီမည်ဟု SRC ပြော
စင်ကာပူကြက်ခြေနီအဖွဲ့ (SRC) သည် ရာဂီမုန်တိုင်း၏ သက်ရောက်မှုများကို တွေ့ကြုံခဲ့ရသော အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ကူညီသွားမည်ဖြစ်ရာ မြန်မာပြည်သူများအတွက် စင်ကာပူ ဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီပေးရေးပစ္စည်းများ ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့်...
ရေဘေးသင့်ပြည်သူများကို လှုဒါန်းရာတွင် သက်ဆိုင်ရာမှ တဆင့်သာ လှုဒါန်းရမည် ဟုဆို
ရေကြီးမှုဖြစ်ပွားသည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအား လှုဒါန်းရာတွင် သက်ဆိုင်ရာမှတဆင့်သာ လှုဒါန်းရ မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ လာ ရောက်လှူဒါန်းရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အ...
“အတတ်နိုင်ဆုံး မူလအခြေအနေ အတိုင်းဖြစ်အောင် ကျွန်တော်တို့ကူညီပေးပါမယ်”ဟု ရေဘေးသင့်ပြည်သူများကို နစက ဥက္ကဋ္ဌ အားပေး
ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ရေ ဘေးရှောင်ကယ်ဆယ်ရေး စခန်းရှိ ရေဘေးရှောင်ပြည်သူများထံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် တွေ့ဆုံစဥ် "အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်"ဟု အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍လည်း...
သံဖြူဇရပ်မြို့နယ်တွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသ ခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် နိုင်ငယ်ထူးထူးလင်းနှင့် မဇင်မာထွေးဆိုသူတို့ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်က...
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုမှ ဒေသခံများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုအတွင်းသို့ ရေဝင်ရောက်လျက် ရှိသဖြင့် ၎င်းရပ်ကွက်များရှိ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ...