ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် MyRo တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် စီး/ကူးမှ ထပ်မံအသိပေး

ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန် စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်အား ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration & Myanmar Rice Online (MyRo)-www.myro.com.mm တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဟု အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။

ယခုအခါ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့အထိ Myanmar Rice Online (MyRo)- www.myro.com.mm တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ သိုလှောင်ရုံအရေအတွက် (၂၁၃)လုံး၊ တစ်ဦးချင်းလုပ်ငန်းရှင်များ၏ သိုလှောင်ရုံ (၅၁၃)လုံး၊ စုစုပေါင်း သိုလှောင်ရုံ အရေအတွက် (၇၂၆)လုံး မှတ်ပုံတင်ဆောင်ရွက်ထားပြီး ဖြစ်သည်။

သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် (၅၀) သို့မဟုတ် စပါးတင်း (၅၀၀၀)နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mmတွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထပ်မံအသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံဂီတနေ့တွင် ကျင်းပမည့် တေးဂီတဖျော်ဖြေပွဲကြီး အတွက် ဝင်ခွင့်လက်မှတ်များ အခမဲ့ထုတ်ပေးမည်
Next post (၂၅-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ