ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကား Red Carpet Show ကျင်းပ

‘ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်ဇာတ်ကားကြီး🎬ရဲ့ Press Show အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာ လွန်ခဲ့တဲ့ ၇နှစ်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အင်းသူ၊အင်းသားတွေရဲ့ ဓလေ့နဲ့ ချစ်သူတွေကကြားက ရင်သပ်ရှူမောဖွယ်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပါတယ်။

အကယ်ဒမီ ” စိုင်းစိုင်းခမ်းလှိုင် ” ၊ အကယ်ဒမီ ” ဝတ်မှုံရွှေရည် “၊ မင်းဦး၊ မင်းသူ၊ ခင်ဇာခြည်ကျော် တို့ အဓိကပါဝင်ထားတာ ဖြစ်ပြီး ” Taurus V Production ” မှ စီစဥ်ထုတ်လုပ်၍ ဝတ္ထု – ပုညခင် ၊ ဇာတ်ညွှန်း – နေနော် ဒါရိုက်တာ – ကောင်းဇံ ရိုက်ကူးတင်ဆက်ထားသည့် ၅၂၈ နှင့် ၁၅၀၀ မေတ္တာဘွဲ့ အားပြိုင်မည့်၊ အင်းလေးဒေသ အလှအပ ရှူ့မျှော်ခင်းများ ရိုးရာဓလေးများနဲ့ တငြိမ်ငြိမ့်လေး ကြည့်ရှူခံစားရဦးမည့်ရုပ်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါပြီး ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မကြာမီ ပြသတော့မည့် ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် Red Carpet Show ရဲ့ မြင်ကွင်းပုံရိပ်များကို ပရိသတ်များ ကြည့်ရှုလို့ ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိတ်လှုပ်ရှားမှုပေါင်းစုံ ခံစားနေရကြောင်း ဆင်နာ ဖွင့်ဟ
Next post ၂၀၂၀ ပြည့် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းကြောင့် အမည်းစက် ထပ်မံမဖြစ်စေရေး ဆောင်ရွက်ရန်လိုဟု နစက ဥက္ကဋ္ဌ တိုက် တွန်း